ပညာတစ်ခု အမှန်တကယ်တတ်မြောက်ခြင်း အတွက် စစ်ဆေးခြင်းကို အဆင့် ၆ဆင့်နှင့်သတ်မှတ်ရတယ်ဆိုပီး ပညာရှင်တွေက သတ်မှတ်တယ် ။
(၁) အလွက်ကျက်မှတ်ခြင်း ကျွန်တော်တို့ တွေရဲ့ လုပ်နေကျစနစ် ဖြစ်တယ် အဆင့်တစ်ဆင့် အကြောင်းအရာကိုသိခြင်း (What )ဘာလဲ ဆိုတာသိခြင်း အလွတ်ကျက်မှတ်ခြင်းအဆင့်ပေါ့ ..နေ့တိုင်းအသုံချနေတာ တတ်မြောက်ခြင်းအဆင့်ပေါ့ အများစုကတော့ ဒီအဆင့်မှာပဲ လမ်းဆုံးသွားတာ . . .
(၂) ဒီအဆင့်မှာတော့ အလွတ်ရနေရုံနှင့်မပြီးသေးဖူး ကျေညက်အောင်နားလည်ရတော့မယ် လက်တွေ့ စာတွေ့ အသုံးချရတော့မယ် How to work သဘောပေါက်ရမယ် အလုပ်ပီရုံနှင့်မရသေးဖူ Quility ပိုလာအောင် အချိန်ကိုမြန်မြန်ပီးမြောက်အောင် မျက်စိမှိတ်ပီး လုပ်နိုင်အောင်ကြိုးစားရတဲ့အဆင့်ပေါ့ . . .
(၃)ပညာရပ်တစ်ခုကို တတ်မြောက်တဲ့အဆင့်ပေါ့ Old Service ပေါ့ လူတကာနှင့် ထုပ်လုပ်မှုတူညီသူကို ယှဉ်ပြိုင်လာနိုင်တယ်၊ ကားဆိုလဲ မောင်းတတ်သွားပြီပေါ့ ပန်ရံဆရာ၊ ဆေးသုတ်ဆရာ၊ စက်ပြင်စရာ စသည်ဖြင့်ပေါ့ မူလီတွေကို ဘယ်မှာသုံ လဲ ဆိုတာကိုသိသွားတာကို ဆိုလိုရင်းဖြစ်တယ်ပေါ့. . .
(၄) ခွဲခြားစိတ်ဖြာ တဲ့အဆင့် upgrade လုပ်တဲ့အဆင့် product တစ်ခုကို နှိုင်းယှဉ်ပီး သူကတော့ ဘယ်နေရာက အားနဲတယ် အာသာချက်ရှိတယ်
ဉပမာပေါ့ Oppo ဖုန်းကတော့ အားသာတာ Photo ရိုက်ရင် ရုပ်ထွက်ကောင်းတာ Mi အာသာချက်ကတော့ Game သမားတွေကြိုက်တယ်
သွက်တယ်ပေါ့ Iphone ကတော့ လုံခြုံရေးစနစ်ကောင်းတာပေါ့ သာမန်လူတွေမသုံးနိုင်ဖူပေါ့ ဒီလို Data တွေကို အချက်ကျကျ သိရှိခြင်းပေါ့ . . .
(၅) Eveluate လုပ်တာပေါ့ Product တစ်ခုရဲ့ အားနဲချက် အားသာချက် ကို ခွဲခြားသိလာ ကြေညက်လာတာပေါ့ နှိုင်းယှဉ်သိလာတာ အားနည်းချက်ကို ပြင်ဆင်တာပေါ့၊ အအေးပိုင်းနိုင်ငံတွက်ထုပ်ထားတဲ့ကားတွေဆို Heater coil တွေကို engine မှာတပ်ဆင်ထားရတယ်၊
မြန်မာကို အဲဒီ Engine သုံးမယ်ဆို ရင် Heater Coil တွေကို ဖြုတ်ချမှရမယ် လက်ရှိရောက်တဲ့နိုင်ငံအလိုက် Technical Data တွေကို ကြေညက်နေမှ ဒီလို ပြင်ဆင်နိုင်တာတွေ ပြုလုပ်ချက်တွေ လုပ်နိုင်တာပေါ့ . . .
(၆) ကိုတိုင်ဖန်တီးတဲ့ အဆင့်Create လုပ်နိုင်တဲ့အဆင့်ပေါ့ ပတ်ဝန်းကျင်မှာတွေ့ရခဲတယ် နမူနာလေးပေးရရင် ဖိနပ်ချုပ်ဆရာပေါ့ သူက ဘာဖိနပ် ပဲလာလာ ချုပ်လုပ်နိုင်တယ် အသစ်လဲလုပ်တတ်တယ် သူများလုပ်ထားတာလဲပြင်တတ်တယ် ဒီအဆင့်ဆိုရင်ဖြင့် လူတွေက ဆရာတစ်ဆူအဖြစ်အသိအမှတ်ပြုခံရပြီပေါ့ လက်မထောင်လို့ရပြီ ၊ နောက်ဆုံးအဆင့်(Professional)ပေါ့ . . .
ဒီလိုတတ်မြောက်ပီရင် လူတွေက ကြည်ညိုလာပီဆိုပါတော့ ပီရင် EQ နှင့် IQ ဆိုပြီ:ရှိလာတယ် ၊၊ အထက်ပါအချက်တွေနှင့်ပြည့်စုံသူကို
*** IQ (လက်ရုံးရည်ပြည့်စုံသူ) ပညာရပ်များအဆုံးအထိရောက်အောင် သူများကိုသင်ပေးနိုင်တယ် ကျော်ကြားတယ်ပေါ့
***EQ ဆိုပီးရှိလာပြန်တယ်( နှလုံးရည်ပြည့်စုံသူ )
IQ ပြည့်စုံပေမယ့် EQ မပြည့်စုံရင် လူတော်ပေမယ့်ကောင်းချင်မှကောင်းမှာ ပေါ့ EQဆိုတာကတော့ နှလုံးသားလှသူကို ဆိုလိုတာဖြစ်တယ် တစ်ချို့ကျတော့ EQ ကပြည့်စုံလဲ IQ ကမပြည့်စုံရင် လူကောင်းပေမဲ့ လူကမတော်ဖူးပေါ့ EQ=IQ တူညီစွာ မြင့်မားရင်တော့ လူတော်လူကောင်း ရှားပါးပါတယ် ပတ်ဝန်းကျင်မှာ တွေ့ရခဲတယ် မြင့်မြတ်သူတွေမှာသာ တွေ့နိုင်တာပါ လောလောဆယ်မှာတော့ ကိုကိုယ်ကို ဆန်းစစ်ရမှာ တော့ ငါက EQ မှာ အားသာလား IQမှာအားသာလား အားနည်းတာကို ဘယ်လိုမြင့်တင်ရမလဲဆိုတာ နည်းလမ်းရှာ ပီး ကြိုးစားရမှာဖြစ်တယ်ပေါ့ . . .
***EQ=နှလုံးသားလှသူ(လူကောင်း)
***IQ=ဉီးနှောက်ကောင်းသူ(လူတော်)
***EQ+IQ= SQ (လူတော်လူကောင်း)
EQ=emotional intelligence, IQ=intelligence quotient, SQ= Spiritual quotient
အထက်ပါအချက်များ SQ ပြည့်စုံပီဆိုရင် ပညာရှင် ပေါ့ ပန်ချီပညာ လက်မှုပညာ လက်သမားပညာ စက်ပြင်ဆရာ နယ်ပယ်အများ အများကြီးမှာ သူဆိုင်ရာဆိုင်ရာ ဆရာတစ်ဆူ လက်ရုံးကော နှလုံးရည်ကောပြီးပြည့်စုံတဲ့သူဖြစ်ပြီပေါ့ . . .